မိသားစုကို ကယ်တင်ဖို့ မြို့ပြအထိ စွန့်စားခန်းဖွင့်မယ့် ဆင်ပေါက်လေး အာပူး 🌳🐘✨
Appu (2024)
“ဆင်လေးအာပူရဲ့စွန့်စားခရီး”ဒီတစ်ခါမှာတော့ Bollywood ပရိသတ်တွေတင်မက ကာတွန်းကားချစ်သူတွေအတွက်တကယ်ချစ်စရာကောင်းတဲ့ animation ရုပ်ရှင်လေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်လို့ဆိုရမဲ့ ဆင်ပေါက်ကလေးအာပူဟာ အရမ်းကိုစူးစမ်းလေ့လာချင်သူလေးပါ။ဆင်ကြီးတွေလစ်တာနဲ့ ဆင်ပေါက်အုပ်စုကိုဦးဆောင်ပြီး အလစ်ထွက်တတ်ပါသေးတယ်။ငယ်သေးတော့ ဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်တတ်သေးဘဲ အကုန်တလွဲတချော်ဖြစ်ခဲ့တာချည်းပါပဲ။ဒီလိုနဲ့တောထဲမှာ ပျော်ပျော်ပါးပါးနေရာက အာပူလေးဟာအန္တရာယ်များတဲ့လူတွေကြားထဲသွားရဖို့ အကြောင်းဖန်လာပါတယ်။ အဲဒါကတော့ လူတွေလက်ထဲရောက်သွားတဲ့ သူ့အဖေကိုသွားကယ်ဖို့ပါပဲ။ဆင်ပေါက်လေးအာပူရဲ့ စွန့်စားခရီးဟာ ဘယ်လိုအန္တရာယ်တွေနဲ့ပြည့်နှက်နေမလဲ၊ဘာတွေတွေ့ကြုံခံစားရမလဲဆိုတာကို စိတ်၀င်စားစရာဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
#credit