ဂျော့ရှူရာဗန် ကို အလက်ဇန္ဒား ပန်တိုဂျာ က စက်တင်ဘာ ၁၉ ရက် မကျေပွဲ ပြန်နွှဲမယ်
သြဂုတ် ၁၅ - ၂၀၂၆
ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ပန်တိုဂျာဟာ ကြမ်းပြင်ပေါ် လဲကျရာ ကနေ တံတောင်ဆစ် ပြုတ်သွားခဲ့တာကြောင့် ပွဲစပြီး မကြာခင်မှာပဲ ဗန်က ပန်တိုဂျာဆီကနေ UFC ဖလိုင်းဝိတ် (Flyweight) ချန်ပီယံခါးပတ်ကို ရယူနိုင်ခဲ့ တာဖြစ်ပါတယ်။
အဲဒီအချိန်ကတည်းက ပန်တိုဂျာဟာ ဒဏ်ရာကို ဆေးကုသရင်း အနားယူ နေခဲ့ရပြီး၊ ဗန်း ကတော့ ပြီးခဲ့တဲ့ မေလ UFC 328 မှာ တက်ဆူရို တိုင်ရာ Tatsuro Taira ကို ၅ မြောက်မှာ အလဲထိုးပြီး ခါးပတ်ကို ကာကွယ် ထားနိုင် ခဲ့ပါတယ်။
အခုအခါမှာတော့ သူတို့နှစ်ဦးဟာ နောက်လမှာ ကျင်းပမယ့် UFC 331 မှာ ဒုတိယအကြိမ် ရင်ဆိုင်ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပြီး၊ သောကြာနေ့က ပြုလုပ် ခဲ့တဲ့ ပွဲအကြို သတင်းစာရှင်းလင်းပွဲမှာတော့ နှစ်ယောက်ကြား အခြေအနေတွေ တင်းမာခဲ့ပါတယ်။
"အဲဒီလိုသာ မဖြစ်ခဲ့ရင်လည်း အဲဒီနေ့က သူ့ကို ငါ ရိုက်ထုတ်မှာပါပဲ" လို့ ချန်ပီယံဆု ရရှိခဲ့တဲ့ ဗန် က ပြောပါတယ်။
"ဒါကြောင့် စက်တင်ဘာ ၁၉ ရက်ဟာ သူ့ကို နောက်တကြိမ် ရိုက်ထုတ်ဖို့ ငါ့အတွက် နောက်ထပ် အခွင့်အရေးတခုပဲ" လို့ ဆိုပါတယ်။
"သူ့ ပါးစပ်ကို ဆေးကြောဖို့ လိုနေပြီလို့ ထင်တယ်" လို့ ပန်တိုဂျာ က ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
"ငါ ဘယ်ကလာလဲဆိုတာ ငါ လေးစားတယ်။ ငါက ဘရာဇီးက လာတာပါ။ ဘရာဇီးမှာ မင်း ဘာပြောမလဲဆိုတာ ဂရုစိုက်ဖို့ လိုတယ်၊ မဟုတ်ရင် မင်း သွားကျိုးသွားလိမ့်မယ်" လို့ ပြောခဲ့ပါတယ်။
"ငါ့ကောင်… စက်တင်ဘာ ၁၉ ရက် ပွဲအကြောင်းပဲ ပြောစမ်းပါ" လို့ ဗန် က ပြောပါတယ်။
"ငါတို့တွေက မင်းရဲ့ ရာဇဝင်ကို နားထောင်ဖို့ ဒီမှာ ရောက်နေတာ မဟုတ်ဘူး၊ ငါတို့က ထိုးသတ်ပွဲ အတွက် ရောက်နေတာ" လို့ ပြောခဲ့ပါတယ်။
"ဟေ့ကောင်လေး… လူတယောက် စကားပြောနေရင် မင်းပါးစပ်ကို ပိတ်ထား" လို့ ပန်တိုဂျာ က ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
"မင်း နားလည်လား" လို့ မေးခဲ့ပါတယ်။
"ပါးစပ်ပိတ်ထားစမ်းပါ။ မင်း ဘာလုပ်နိုင်မှာမို့လို့လဲ" လို့ ဗန် က ဆိုပါတယ်။
ဒီလို တုံ့ပြန်လိုက်တာကြောင့် ပန်တိုဂျာ က မတ်တပ်ထရပ်ပြီး စင်ပေါ်ကနေ ဗန် ရှိရာဆီ လျှောက်သွားခဲ့တာမို့ လုံခြုံရေးအဖွဲ့က ကြားထဲကနေ ဝင်ရောက်တားဆီးပြီး သူ့ကို ပြန်ထိုင်ခိုင်းခဲ့ရပါတယ်။
အဲဒီအချိန်မှာ ဗန် က သူ့ကို တောက်လျှောက် လှောင်ပြောင်နေခဲ့ပါတယ်။
"မင်း ဘာမှ မလုပ်နိုင်ပါဘူး" လို့ ဗန် က ပြောပါတယ်။
"ဖင်ပိတ်ပြီး သွားထိုင်နေစမ်းပါ၊ မင်း ဘာမှ မလုပ်နိုင်ပါဘူး၊ တယောက်ယောက် သူ့ကို နို့သွားတိုက်လိုက်ပါဦး" လို့ ပြောခဲ့ပါတယ်။
"ဟေ့ကောင်လေး… စက်တင်ဘာ ၁၉ ရက်ကျရင် မင်း ငါနဲ့အတူ အဋ္ဌဂံ ကြိုးဝိုင်းထဲမှာ ပိတ်မိနေတော့မှာပါ" လို့ ပန်တိုဂျာ က ပြန်ပြောခဲ့ ပါတယ်။
ဒါဟာ ပန်တိုဂျာကို ဒေါသထွက်အောင် ဆွပေးတာနဲ့ စနောက်ရတာကို သဘောကျနေပုံရတဲ့ ဗန် ရဲ့ အသွင်သစ်တခု ဖြစ်ပါတယ်။
ဒါပေမဲ့ ဖလိုင်းဝိတ် ချန်ပီယံဟောင်း အတွက်တော့ ဒါဟာ ဗန်က မဟုတ်တာကို ဟန်ဆောင်နေတာလို့ပဲ မြင်ပါတယ်။
"ဂျော့ရှူရာ ရဲ့ ဘာအပြုအမူကမှ ငါ့ကို မအံ့ဩစေပါဘူး" လို့ ပန်တိုဂျာ က ပြောပါတယ်။
"သူက စာရိုက်ပြပြီး လူမိုက်အဖြစ် သရုပ်ဆောင်ဖို့ ကြိုးစားနေတာပါ၊ ဒါပေမဲ့ ငါ မြင်တာကတော့ သူဟာ ကြောက်တတ်တဲ့ ကောင် တယောက်ပါပဲ၊ သူ ကြောက်နေတာပါ" လို့ ဆိုပါတယ်။
"ငါ ဘာကိုမှ မကြောက်ဘူး" လို့ ဗန် က ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
"ဩ… ငါ အရမ်း မိုက်တာပဲ ပေါ့" လို့ ပန်တိုဂျာ က လှောင်ပြောင်ခဲ့ ပါတယ်။
"ငါ့နာမည်က Fearless (ကြောက်ရွံ့မှုမရှိသူ) ကွ" လို့ ဗန် က ပြောပါတယ်။
"ငါ မင်းကို မကြောက်ဘူး" လို့ ပြောခဲ့ပါတယ်။
အဲဒီနောက် နှစ်ယောက်သား ပထမဦးဆုံးအကြိမ် မျက်နှာချင်းဆိုင် ရင်ဆိုင်ခဲ့ကြပြီး အခြေအနေတွေ ပြင်းထန်နေဆဲဖြစ်ကာ နှစ်ဦးစလုံး အပြန်အလှန် စကားနာထိုးနေကြတာကြောင့် Dana White က ကြားကနေ ခွဲထားခဲ့ရပါတယ်။
---------------------------
THN Public Media
-
YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ
https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA
THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။
https://t.me/+iFZ9Q4hyodJkNjRk
https://t.me/THNjournalist
တစ်တော့ လာပြီ
https://www.tiktok.com/@thnmedia?lang=en
-
ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ
https://www.facebook.com/becomesupporter/100066613536888/
--------------------------
တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese