မိုးလင်းကနေ မိုးချုပ်တဲ့အထိ တစ်နေ့လုံး အလုပ်တွေ လုပ်နေပေမဲ့ ညဘက်ရောက်ရင် ဘာမှ ထူးထူးခြားခြား ပြီးမသွားသလို ခံစားရဖူးလား? 🤔
အဲ့ဒါက ဘာကြောင့်များလဲဆိုတာ အတူတူ အဖြေရှာကြည့်ရအောင်လား TFSer လေးတို့ရေ။
Physics ရဲ့ သဘောတရားအရ Work Done = Force × Displacement ဆိုတဲ့ Formula ရှိတယ်ဟုတ်?
ဒါကို အလုပ်ပြီးမြောက်ခြင်းနဲ့ ယှဉ်ကြည့်ရင်
𝐖𝐨𝐫𝐤 𝐃𝐨𝐧𝐞 = 𝐄𝐟𝐟𝐨𝐫𝐭 × 𝐃𝐢𝐬𝐩𝐥𝐚𝐜𝐞𝐦𝐞𝐧𝐭
ကိုယ်က Effort (အားစိုက်ထုတ်မှု) တွေ အများကြီး စိုက်နေပါလျက်နဲ့ ဘာလို့ အလုပ်တွေ မပြီးမြောက်ရသလဲဆိုရင်... ကိုယ့်ရဲ့ အားထုတ်မှုက ကိုယ့်ကို ပန်းတိုင်ဆီ (Displacement) တကယ်ရောက်အောင် မပို့ပေးနိုင်လို့ပါပဲ။ 📍
ဥပမာအားဖြင့် စက်ဝိုင်းပုံလမ်းကြောင်းပေါ်မှာ တစ်နေကုန် ပတ်ပြေးနေရင် အကွာအဝေး(Distance) တွေ ဘယ်လောက်များများ၊ တကယ်တမ်း နေရာရွေ့သွားမှု (Displacement) ကတော့ သုည ဖြစ်နေတတ်သလိုမျိုးပေါ့။
⚠️ အလုပ်ဖြစ်သယောင်ယောင်နဲ့ အလုပ်များနေခြင်း (𝐏𝐬𝐞𝐮𝐝𝐨-𝐖𝐨𝐫𝐤)
စာမေးပွဲဖြေဖို့ ညလုံးပေါက် Notes တွေကို Highlight တားမယ်၊ Study Plan တွေ အပတ်တကုတ် ဆွဲနေမယ်။ ဒါပေမဲ့ တကယ်တမ်း စာမရသလို ရလဒ်လည်း ထွက်မလာတာမျိုး ကြုံဖူးမှာပါ။
ဒါဟာ Passive Learning လုပ်နေမိလို့ပါပဲ။ ကိုယ်မရတဲ့ အခန်းကို သေချာအချိန်မပေးဘဲ တခြားဟာတွေနဲ့ ရောပြီး သာမန်ကာလျှံကာ ဖတ်မိတာမျိုး၊ မှားခဲ့တဲ့ ပုစ္စာကို ဘာကြောင့်မှားလဲ ပြန်မစစ်တာမျိုးတွေက "အလုပ်ရှုပ်နေတာ" ပဲ ရှိပြီး "အလုပ်ဖြစ်တာ" မဟုတ်ပါဘူး။ ❌
ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းရင်း (၂) ချက်ကတော့
1️⃣ 𝐏𝐬𝐞𝐮𝐝𝐨 𝐖𝐨𝐫𝐤: Productive ဖြစ်နေသလို ခံစားရအောင် ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာမျိုးပါ။ သတိထားရမှာက Planning ဆိုတာ Working မဟုတ်သေးပါဘူး။ အစီအစဉ်ဆွဲနေရုံနဲ့တော့ အလုပ်က ပြီးမြောက်သွားမှာ မဟုတ်ဘူးလေ။
2️⃣ 𝐏𝐫𝐨𝐜𝐫𝐚𝐬𝐭𝐢𝐧𝐚𝐭𝐢𝐨𝐧: High-Impact Tasks တွေက ခက်ခဲတဲ့အတွက် ဦးနှောက်က ရှောင်ချင်လာပြီး Email စစ်တာ၊ ဖိုင်စီတာလိုမျိုး အသေးအဖွဲလေးတွေ လုပ်ပြီး "ငါ အလုပ်လုပ်နေပါတယ်" လို့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်တတ်ကြပါတယ်။ အဲ့ဒီကရတဲ့ Dopamine လေးက ကိုယ့်ကို အလုပ်ဖြစ်နေတယ်လို့ အထင်မှားစေတာပါ။
✅ ဒါဆို အလုပ်တကယ်ဖြစ်အောင် ဘာတွေလုပ်ကြမလဲ?
▪ 𝐃𝐢𝐫𝐞𝐜𝐭𝐢𝐨𝐧 + 𝐅𝐨𝐜𝐮𝐬 ကို ရှင်းလင်းအောင် ထားပါ 🎯
အရှေ့ကို သွားနေပါလျက်နဲ့ တောင်ဝင်မြောက်ထွက်၊ ကြားထဲ တခြားဟာတွေလုပ်နေမယ်ဆိုရင် Distance (အကွာအဝေး) သာ တိုးလာမယ်၊ Displacement (ခရီးရောက်မှု) ကတော့ ရှိလာမှာ မဟုတ်ပါဘူး။ တစ်နေ့တာမှာ "ငါ ဒီတစ်ခုကိုတော့ အပြီးသတ်မယ်" ဆိုတဲ့ ဦးတည်ချက်ချတတ်ပြီး လုပ်ဖို့ကို သေချာလေ့ကျင့်ယူပါ။
▪ 𝐇𝐢𝐠𝐡-𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐓𝐚𝐬𝐤𝐬 ကိုပဲ ရွေးပါ (80/20 Rule) 📊
ရလဒ်ရဲ့ ၈၀% ကို ပေးစွမ်းနိုင်မယ့် အဓိကအလုပ် ၂၀% က ဘာလဲဆိုတာ ရှာဖွေပြီး အဲ့ဒါကိုပဲ အာရုံစိုက်ပါ။
▪ 𝐌𝐨𝐭𝐢𝐨𝐧 ကနေ 𝐀𝐜𝐭𝐢𝐨𝐧 ထံ ကူးပြောင်းပါ 🚀
အစီအစဉ်ဆွဲတာ၊ စာအုပ်စီတာဟာ Motion (လှုပ်ရှားမှု) သက်သက်ပဲ ရှိပါသေးတယ်။ တကယ်စာတွက်တာ၊ လက်တွေ့လုပ်ဆောင်တာကမှ Action (အလုပ်ဖြစ်ခြင်း) ပါ။
ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ရအောင်...
TFSer လေးတို့က တကယ်ပဲ အလုပ်တစ်ခုကို အောင်အောင်မြင်မြင် ပြီးမြောက်ချင်တာလား? ဒါမှမဟုတ် အလုပ်ရှုပ်နေတဲ့ ပုံစံလေးနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေချင်တာလား? 🧐
ရလဒ် (Result) ထွက်လာမှပဲ ကိုယ့်ရဲ့ ကြိုးစားမှုက တန်ဖိုးရှိလာမှာပါ။ အလုပ်ရှုပ်ပြနေတာထက် အလုပ်ဖြစ်အောင် လုပ်ဆောင်နိုင်သူတွေ ဖြစ်လာကြပါစေလို့ TFS က ဆုတောင်းပေးလိုက်ပါတယ်နော်။
ကဲ... ဒါဆိုရင် ဖတ်ပြီးပြီးချင်းမှာပဲ စီစဉ်ထားတဲ့ အလုပ်တွေထဲက တစ်ခုကို အခုချက်ချင်း စလုပ်လိုက်ရအောင်လား TFSer လေးတို့ရေ။ ❗
———
Telegram Channel
https://t.me/theforwardsociety
Facebook Group
https://www.facebook.com/groups/5633301343413398/?ref=sha
The Forward Society (Community)
Instagram
https://instagram.com/theforwardsoc?igshid=MzRlODBiNWFlZA==
LinkedIn
https://www.linkedin.com/company/theforwardsociety