ဖိလစ်ပိုင် ကူးတို့သင်္ဘော မီးလောင်မှုကြောင့် ၅ ဦး သေဆုံးပြီး ၈၀ ကျော် ပျောက်ဆုံး
ဖိလစ်ပိုင်နိုင်ငံ ပါလဝန် ပြည်နယ်ရှိ ကမ္ဘာလှည့်ခရီးသွားများ ရေပန်းစားရာ ဒေသအနီးတွင် ကူးတို့သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် လူ ၅ ဦးထက်မနည်း သေဆုံးကာ ၈၆ ဦး ပျောက်ဆုံးနေကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က စက်တင်ဘာ ၁၀ ရက်နေ့တွင် ပြောကြားသည်။
ဗုဒ္ဓဟူးနေ့ညနေပိုင်းက ကမ်းလွန် ၂.၂ ကီလိုမီတာခန့်အကွာ၌ M/V June Aster သင်္ဘောပေါ်တွင် မီးလောင်ခဲ့ခြင်း ဖြစ်သည်။ June Aster သည် မနီလာမြို့မှ ထွက်ခွာလာခဲ့ခြင်း ဖြစ်ကြောင်း MarineTraffic မှ ရရှိသော လမ်းကြောင်းကြည့် အချက်အလက်များအရ သိရသည်။
သေဆုံးသူ ၅ ဦး၏ ရုပ်အလောင်းများကို ကမ်းပေါ်သို့ သယ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားသည်။
ကမ်းခြေစောင့်တပ်ဖွဲ့က ဖေ့စ်ဘုတ် ပေါ်တွင် မျှဝေထားသည့် ဗီဒီယို၌ သင်္ဘောတစ်စင်းလုံး မီးလျှံများ ဖုံးလွှမ်းနေသည်ကို တွေ့ရသည်။
"စာရင်းပျောက်နေသူ လူ ၈၇ ဦး ရှိပါသေးတယ်" ဟု ကမ်းခြေစောင့်တပ်ဖွဲ့ ဗိုလ်မှူးကြီး နိုအဲမီ ကာယာဘယက် က ကြာသပတေးနေ့တွင် ဒေသတွင်း ရေဒီယိုသတင်းဌာန တစ်ခုသို့ ပြောကြားခဲ့သည်။
သင်္ဘော၏ ခရီးသည်နှင့် စာရင်းတွင် ခရီးသည်နှင့် သင်္ဘောအဖွဲ့သား ၁၃၄ ဦး ပါဝင်ကြောင်း ကာယာဘယက်က ပြောကြားသည်။
"သေသေချာချာ ပြောချင်တာတစ်ခုက ဒါဟာ လက်ရှိရရှိထားတဲ့ အချက်အလက်တွေဖြစ်ပြီး ကျွန်မတို့ရဲ့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာနဲ့အမျှ အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်" ဟု ကာယာဘယက်က ရေဒီယို အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ဖိလစ်ပိုင်တွင် ယခုနှစ် ဇန်နဝါရီလကလည်း လူပေါင်း ၃၄၀ ကျော် တင်ဆောင်လာသည့် သုံးထပ် ကူးတို့သင်္ဘောတစ်စင်းသည် ဖိလစ်ပိုင်တောင်ပိုင်း ကမ်းလွန်တွင် တိမ်းမှောက်ခဲ့ပြီး ၅၂ ဦး ထက်မနည်း သေဆုံးခဲ့သည်။
ဓာတ်ပုံများ - AFP
#Philippines #FerryFire #FerryAccident #FerryDisaster #PhilippinesNews #Palawan #JuneAster #MaritimeAccident #SearchAndRescue #MissingPersons #BreakingNews #WorldNews #InternationalNews #ရေလမ်းခရီး #ကူးတို့သင်္ဘော #သင်္ဘောမီးလောင်မှု #ဖိလစ်ပိုင် #နိုင်ငံတကာသတင်း #DMG ဖိလစ်ပိုင် ကူးတို့သင်္ဘော မီးလောင်မှုကြောင့် ၅ ဦး သေဆုံးပြီး ၈၀ ကျော် ပျောက်ဆုံး
ဖိလစ်ပိုင်နိုင်ငံ ပါလဝန် ပြည်နယ်ရှိ ကမ္ဘာလှည့်ခရီးသွားများ ရေပန်းစားရာ ဒေသအနီးတွင် ကူးတို့သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် လူ ၅ ဦးထက်မနည်း သေဆုံးကာ ၈၆ ဦး ပျောက်ဆုံးနေကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က စက်တင်ဘာ ၁၀ ရက်နေ့တွင် ပြောကြားသည်။
ဗုဒ္ဓဟူးနေ့ညနေပိုင်းက ကမ်းလွန် ၂.၂ ကီလိုမီတာခန့်အကွာ၌ M/V June Aster သင်္ဘောပေါ်တွင် မီးလောင်ခဲ့ခြင်း ဖြစ်သည်။ June Aster သည် မနီလာမြို့မှ ထွက်ခွာလာခဲ့ခြင်း ဖြစ်ကြောင်း MarineTraffic မှ ရရှိသော လမ်းကြောင်းကြည့် အချက်အလက်များအရ သိရသည်။
သေဆုံးသူ ၅ ဦး၏ ရုပ်အလောင်းများကို ကမ်းပေါ်သို့ သယ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားသည်။
ကမ်းခြေစောင့်တပ်ဖွဲ့က ဖေ့စ်ဘုတ် ပေါ်တွင် မျှဝေထားသည့် ဗီဒီယို၌ သင်္ဘောတစ်စင်းလုံး မီးလျှံများ ဖုံးလွှမ်းနေသည်ကို တွေ့ရသည်။
"စာရင်းပျောက်နေသူ လူ ၈၇ ဦး ရှိပါသေးတယ်" ဟု ကမ်းခြေစောင့်တပ်ဖွဲ့ ဗိုလ်မှူးကြီး နိုအဲမီ ကာယာဘယက် က ကြာသပတေးနေ့တွင် ဒေသတွင်း ရေဒီယိုသတင်းဌာန တစ်ခုသို့ ပြောကြားခဲ့သည်။
သင်္ဘော၏ ခရီးသည်နှင့် စာရင်းတွင် ခရီးသည်နှင့် သင်္ဘောအဖွဲ့သား ၁၃၄ ဦး ပါဝင်ကြောင်း ကာယာဘယက်က ပြောကြားသည်။
"သေသေချာချာ ပြောချင်တာတစ်ခုက ဒါဟာ လက်ရှိရရှိထားတဲ့ အချက်အလက်တွေဖြစ်ပြီး ကျွန်မတို့ရဲ့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာနဲ့အမျှ အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်" ဟု ကာယာဘယက်က ရေဒီယို အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ဖိလစ်ပိုင်တွင် ယခုနှစ် ဇန်နဝါရီလကလည်း လူပေါင်း ၃၄၀ ကျော် တင်ဆောင်လာသည့် သုံးထပ် ကူးတို့သင်္ဘောတစ်စင်းသည် ဖိလစ်ပိုင်တောင်ပိုင်း ကမ်းလွန်တွင် တိမ်းမှောက်ခဲ့ပြီး ၅၂ ဦး ထက်မနည်း သေဆုံးခဲ့သည်။
ဓာတ်ပုံများ - AFP
#Philippines #FerryFire #FerryAccident #FerryDisaster #PhilippinesNews #Palawan #JuneAster #MaritimeAccident #SearchAndRescue #MissingPersons #BreakingNews #WorldNews #InternationalNews #ရေလမ်းခရီး #ကူးတို့သင်္ဘော #သင်္ဘောမီးလောင်မှု #ဖိလစ်ပိုင် #နိုင်ငံတကာသတင်း #DMG