𝐑𝐞𝐬𝐭𝐨𝐫𝐢𝐧𝐠 𝐖𝐞𝐥𝐥𝐛𝐞𝐢𝐧𝐠 | TED Style Wellbeing Segment ✨
စိတ်ရော၊ ကိုယ်ပါ ပြန်လည်ရှင်သန်ဖို့ Wellbeing ကို ဦးစားပေးစို့ — 𝐑𝐞𝐬𝐭𝐨𝐫𝐢𝐧𝐠 𝐖𝐞𝐥𝐥𝐛𝐞𝐢𝐧𝐠 | 𝐖𝐨𝐫𝐥𝐝 𝐌𝐞𝐧𝐭𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐃𝐚𝐲 𝟐𝟎𝟐𝟔
October လ (၁၀) ရက်နေ့မှာ World Mental Health Day 2026 အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်မယ့် ဒီနှစ် Event လေးရဲ့ အထူးခြားဆုံး အစီအစဉ်တစ်ခုဖြစ်တဲ့ 𝐓𝐄𝐃 𝐒𝐭𝐲𝐥𝐞 𝐖𝐞𝐥𝐥𝐛𝐞𝐢𝐧𝐠 𝐒𝐞𝐠𝐦𝐞𝐧𝐭 မှာ ကျွမ်းကျင်ပညာရှင်များက စိတ်ကျန်းမာရေးနဲ့ ဘဝရှင်သန်မှုအတွက် အဖိုးတန်တဲ့ အသိပညာတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ် ✨
ဒီအစီအစဉ်မှာ ပါဝင်ဆွေးနွေးမယ့် ပညာရှင်တွေနဲ့ ဆွေးနွေးသွားမှာ အကြောင်းအရာတွေကို မျှဝေပေးလိုက်ပါတယ်။
🟠Topic: Psychological Dimension of Restoring Wellbeing - “စိတ်ပိုင်းဆိုင်ရာ ရှုထောင့်မှတစ်ဆင့် မိမိ၏စိတ်နှင့်ကိုယ်ကို ပြန်လည်နားလည်ချိတ်ဆက်ကာ အတွင်းစိတ်တည်ငြိမ်မှုနှင့် ဘက်စုံ Wellbeing ကို ပြန်လည်တည်ဆောက်ခြင်း။”
🔸Dr. Soe Lwin (Therapist)
Mental Health and Psychosocial Support (MHPSS) နယ်ပယ်မှ ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်ပြီး Counsellor၊ Manager၊ Trainer၊ Teacher၊ Researcher နှင့် Freelance Service Provider အဖြစ် နယ်ပယ်စုံတွင် အတွေ့အကြုံများစွာ ရရှိထားသူဖြစ်ပါတယ်။
🟠Topic: Social Wellbeing - လူမှုဆက်ဆံရေးနှင့် ပတ်ဝန်းကျင်က မိမိတို့၏ စိတ်ကျန်းမာရေးနှင့် နေ့စဉ်ဘဝအပေါ် သက်ရောက်မှုရှိတဲ့အကြောင်းကို နားလည်ပြီး၊ အဓိပ္ပာယ်ရှိတဲ့ ဆက်သွယ်မှုများနှင့် အထောက်အကူပြုသော ပတ်ဝန်းကျင်များမှတစ်ဆင့် လူမှုဘဝ Wellbeing ကို ပြန်လည်တည်ဆောက်ခြင်း။
🔸Ma Thandar Hlaing (Fitness Influencer)
မြန်မာနိုင်ငံမှ Public Figure တစ်ဦးဖြစ်တဲ့အပြင်၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး အနေနဲ့ရော Wellness Advocate တစ်ဦးအနေနဲ့ပါ Public Platform တွေကနေ ကိုယ်ပိုင်အတွေ့အကြုံများကို မျှဝေပြောကြားခြင်းမှတစ်ဆင့် Wellbeing နဲ့
လူမှုဆက်ဆံရေးများကို တန်ဖိုးထားသည့် လူနေမှုပုံစံကို အားပေးမြှင့်တင်ပေးလျက်ရှိပါတယ်။
🟠Topic: Restoring Emotional Wellbeing - “စိတ်ခံစားချက်များကို နားလည်လက်ခံရင်း၊ မိမိကိုယ်ကို ပြန်လည်ချိတ်ဆက်ကာ စိတ်၏ဟန်ချက်ညီမှုနှင့် အတွင်းစိတ်ငြိမ်းချမ်းမှုကို ပြန်လည်ရှာဖွေခြင်း။”
🔸Ma Zarchi Win (Holistic Coach)
စိတ်နဲ့ ခန္ဓာကိုယ် Wellbeing အတွက် ဘက်စုံမြှင့်တင်ပေးရန် Fitness၊ Somatic Movement၊ Nutrition၊ Mindfulness၊ Breathwork နှင့် Meditation တို့ကို ပေါင်းစပ်အသုံးပြုတဲ့ Wellbeing Coach တစ်ဦးဖြစ်ပါသည်။ Wellbeing နယ်ပယ်တွင် အတွေ့အကြုံ ၇ နှစ်ရှိပြီး သက်ဆိုင်ရာ ပညာရပ်များတွင် အထူးလေ့ကျင့်သင်ကြားထားသူ ဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ Ma Zarchi Win ကိုယ်တိုင် ဦးဆောင်ပြီး Somatic Mobility Activitiy အစီအစဉ်ကို လက်တွေ့ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။
🔴Somatic Mobility Activities - by Ma Zarchi Win
ဒီအစဥ်အစဥ်လေးကတော့…
• ကိုယ်ခန္ဓာရဲ့ လှုပ်ရှားမှုတွေကတစ်ဆင့် စိတ်ဖိစီးမှုနဲ့ ဖိနှိပ်ထားတဲ့ ထိတ်လန့်နာကျင်မှု (Trauma) တွေကို ဖြေလျှော့သက်သာစေခြင်း၊
• လှုပ်ရှားမှုအပြီးမှာ ခန္ဓာကိုယ်နဲ့ စိတ်ကို လုံးဝငြိမ်သက်စေပြီး နက်ရှိုင်းတဲ့ အနားယူခြင်း Deep Rest ကိုရရှိစေပြီး စိတ်ဓာတ်ခွန်အားကို ပြန်လည်ဖြည့်တင်းပေးခြင်း တို့ကိုရည်ရွယ်ထားတဲ့
စိတ်ရောကိုယ်ပါ ကျန်းမာပြည့်စုံတဲ့ ဘဝကို တည်ဆောက်လိုသူများအတွက် အထူးသင့်လျော်ပြီး တက်ရောက်သူများအတွက် ကောင်းမွန်တဲ့အတွေ့အကြုံတွေပေးမယ့် အစီအစဥ်ဖြစ်ပါတယ်။
📅 World Mental Health Day 2026 Event Details:
Date: 10th October 2026 (Saturday)
Time: 1:00 PM - 4:00 PM
Venue : Purple Plain, A Life Insurance, Third Floor.
Address: Address: No (108), 3rd Floor, Corner of Kaba Aye Pagoda Road and Nat Mauk Road, Bo Cho (1) Quarter, Bahan Township, Yangon, Myanmar.
RESTORING WELLBEING
စိတ်ရောကိုယ်ပါ ပြန်လည်ရှင်သန်ဖို့ Wellbeing ကို ဦးစားပေးစို့။ 🌿
WMHD Exclusive Podcast Episode တွေကို အောက်ပါ link ကနေကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/share/v/19UUhi8XoV/
https://www.facebook.com/share/v/19hztYHoaN/
🎧 Podcast Full Episode တွေကို Honest Hour Podcast ရဲ့ Listening Platforms အားလုံးမှာ နားဆင်နိုင်ပါတယ်။
YouTube - youtube.com/@honesthourmm
Tiktok - tiktok.com/@honesthour_mm
‼️နောက်ရက်တွေမှာ Event လေးနဲ့ပတ်သက်တဲ့ အကြောင်းအရာနဲ့ ဘယ်လို အစီအစဥ်တွေ တွေပါဝင်သွားမယ်ဆိုတာကို ဆက်လက်ဖော်ပြပေးသွားမှာမို့ Honest Hour Facebook Page ကို စောင့်ကြည့်ပေးကြပါအုံးနော်။
October 10 ရက်နေ့မှာပြုလုပ်မယ့် World Mental Health Day 2026 ရဲ့ Event ကိုလည်း လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။
#HonestHour #World_Mental_Health_Day_2026 #Event #Restoring Wellbeing