Against the Current (2026) သစ်ခွရနံ့ ထုံးဖွဲ့လေသောနှလုံးသား (၂၀၂၆)
Ep-31,32,33,34
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်
"မိသားစုတစ်စုလုံး မတရားစွပ်စွဲခံရပြီးလုပ်ကြံခံလိုက်ရတဲ့ နန်းတွင်း အာဏာလုပွဲကြားက မြေစာပင် အမျိုးသမီးငယ်လေးတစ်ဦးရဲ့အံ့ဖွယ် သမိုင်းဝင်ဇာတ်လမ်းလေးတစ်ပုဒ်..."
ဒီတစ်ခါမှာတော့ စာရေးဆရာမ He Yan Shan ရဲ့ နာမည်ကြီး ဝတ္ထု 兰香缘 ကို ဒါရိုက်တာ Huang Yingxiang နဲ့ Chen Dan တို့ ပူးပေါင်းရိုက်ကူးထားပြီး မင်းသားချော Liu Xueyi နဲ့ မမလှလှလေး Tan Songyun တို့ အဓိက ပါဝင်ထားတဲ့ ကားသစ်ကြီးနှင့် မိတ်ဆက်ပေးချင်ပါတယ်နော် 🍁
ဇာတ်လမ်းအကျဉ်း 📝
နန်းတွင်းအရာရှိကြီးရဲ့မြေးမဖြစ်သူ Shen Jialan ဟာ အရာရှိ Lin Jinqi နဲ့ မင်္ဂလာ စေ့စပ်ထားသူ ဖြစ်သော်လည်း မင်းစိုးရာဇာ အာဏာလုပွဲ မုန်တိုင်းကြောင့် အဘိုးဖြစ်သူမှာ မတရား စွပ်စွဲခံရကာ မိသားစုတစ်ခုလုံး သတ်ဖြတ်ခြင်း ခံလိုက်ရပါတယ်
ဒီလိုနဲ့ Lin မိသားစုဟာ မိမိအမှုမပတ်ဖို့ ဘေးကင်းစေဖို့အတွက် မင်္ဂလာပွဲကို ဖျက်သိမ်းတော့တာပေါ့
အသက်ဘေးက လွတ်မြောက်ဖို့အတွက် Shen Jialan ဟာ အစေခံတစ်ယောက်ရဲ့ကလေးဖြစ်သူနဲ့ အထောက်အထားဇာစ်မြစ်ချင်း လဲလှယ်ကာ Xu Lanxiang ဆိုတဲ့ အမည်နဲ့ Lin စံအိမ်ရဲ့ အဆင့်နိမ့် အိမ်စေမလေးအဖြစ်ပြောင်းခဲ့ရပါတယ်
Lanxiang တစ်ယောက် ဘယ်လို ဒုက္ခဆင်းရဲတွေကြုံရပါစေ စိတ်ဓာတ်ကျမသွားဘဲ အမှန်တရားနှင့် မိသားစုရဲ့ ဂုဏ်သိက္ခာအတွက် ဆက်ပြီးတိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာပေါ့
Lanxiang ဟာ သူမရဲ့ကြင်နာမှုနှင့် ပါးနပ်သော ဉာဏ်ပညာဖြင့် အတားအဆီးများကို ကျော်ဖြတ်ရင်း အကြီးဆုံးသခင်လေး Lin Jinqi ရဲ့ ချစ်ခြင်းမေတ္တာနှင့် စံအိမ်တစ်ခုလုံးရဲ့လေးစားမှုကို ရရှိလာတဲ့အခါ .....
ဒီလိုနဲ့ Lanxiang တစ်ယောက် တဖြည်းဖြည်းနဲ့ အိမ်တော်ရဲ့အဓိက ဦးဆောင်သူ ဖြစ်လာခဲ့ပြီး ဒုက္ခကြုံခဲ့ရတဲ့ မိသားစုအတွက် မတရားမှုများကို ဘယ်လို စိစစ်ဖော်ထုတ်သွားမလဲ.....?
ဒီကားလေးရဲ့ရိုက်ကူးရေးအဖွဲ့က ရှေးဟောင်းအနုပညာဇာတ်ကွက်တွေအတွက် ၄ လတိုင်တိုင် သေချာပြင်ဆင်ရေးဆွဲခဲ့ကြပြီး ဧက ၂၀ ကျော် ကျယ်ဝန်းတဲ့ အစောပိုင်းခေတ်ဦးပုံစံ သဘာဝဥယျာဉ်ကြီးကို ၈ လကြာအောင် ကိုယ်တိုင်ဆောက်လုပ်ဖန်တီးခဲ့တာပါတဲ့
အဲဒါအပြင် အဆောက်အအုံများရဲ့ခန့်ထည်လှသော ပုံစံတွေကအစ စင်္ကြံတစ်လျှောက်က အနုစိတ်သစ်သားပန်းပုများ လှေကားထစ်ရှေ့က သစ်ပင်ပန်းမန်လေးတွေအထိ သမိုင်းဝင်ရှေးဟောင်းအငွေ့အသက်နှင့် သဘာဝအတိုင်း အစစ်အမှန်ဆန်မှုကို ရရှိစေရန်အတွက် အကြိမ်ကြိမ် စိစစ်မွမ်းမံထားတာပါတဲ့နော် 🫶
ကဲ ဒီလောက်မိမိုက်နေတဲ့ဇာတ်ကားလေးကို အခုပဲ အပြေးလေးလာကြည့်လိုက်တော့နော် ➰
#AgainsttheCurrent #chineseseries #2026series #mmsub #blackhole