Night Tales (2026)
ညဥ့်ဦးယံက အဆိပ်သင့်ပန်း (၂၀၂၆)
Ep-15,16,17
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်
ကဲ ကဲ ထွက်မဲ့ဆဲဆဲ ခဏခဏဖြစ်ပြီး သစ်ကုလားအုတ်ဖြစ်မတတ် မျှော်နေကြရတဲ့ မင်းသမီးချောလေး He Nan နဲ့ မင်းသားချော Li Wenhan တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ စွဲစွဲမက်မက်ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲသစ်လေး ထွက်ရှိလာခဲ့ပါပြီနော် 🦋
ဇာတ်လမ်းအကျဉ်း 📝
ဆင်းရဲနွမ်းပါးလှတဲ့ အရက်ချက်ကျွမ်းကျင်သူ မိန်းကလေး Ye Xiaowei ဟာ သူမရဲ့ အချစ်ဆုံး ချစ်သူ Cheng An နဲ့ ကျေးဇူးရှင် ဆရာမ Lin Wanmei တို့ရဲ့ သစ္စာဖောက် လုပ်ကြံမှုကို ပြိုင်တူ ခံလိုက်ရပါတော့တယ်
ဒီလိုနဲ့ နာကျင်စရာ မီးတောက်တွေကြားကနေ ဒဏ်ရာတွေနဲ့အတူ ပြန်လည်မွေးဖွားလာခဲ့တဲ့ သူမဟာ ကလဲ့စားချေဖို့အတွက် ဇာတ်ကောင်အသစ်တစ်ခုကို ဖန်တီးခဲ့ပါတယ်
သူမဟာ Cheng မိသားစုရဲ့ လျှို့ဝှက်ဆန်းကြယ် တရားမဝင် သမီးအရင်း Sang Luo ဆိုတဲ့ အထောက်အထားအသစ်နဲ့ မိသားစုအတွင်းကို စနစ်တကျ ခြေချဝင်ရောက်ခဲ့ပါတယ်
ကောက်ကျစ်လှတဲ့ အထက်တန်းစား မိသားစုဝင်တွေကြားထဲမှာ ပါးနပ်တဲ့ ဉာဏ်ပညာနဲ့ ပရိယာယ် ဆင်ပြီး ရန်သူတွေကို တစ်ယောက်ပြီးတစ်ယောက် သေတွင်းထဲ ရောက်အောင် ဆွဲခေါ်ခဲ့ပါတော့တယ်
Ye Xiaowei ရဲ့ ဘဝဟာ အသက် ၂၂ နှစ်ရဲ့ နွေရာသီမှာ စတင်ခဲ့ပြီး အသက် ၂၂ နှစ်ရဲ့ ဆောင်းရာသီမှာပဲ အဆုံးသတ်ခဲ့ရပေမဲ့ ဆူးခင်းလမ်းတွေကို ဖြတ်သန်းရင်းနဲ့မှ ဒီသွေးစွန်းခဲ့ရတဲ့ နှင်းဆီနီလေးက ဘယ်လို ပွင့်လန်းလာမလဲဆိုတာ..... 🌹
#NightTales #chineseseries #2026series #mmsub #blackhole