The Second Child (2026)
The Atypical Family ထဲက Park So-Yi နဲ့ The Kidnapping Day ထဲက Yuna စတဲ့ ကလေးသရုပ်ဆောင်နှစ်ဦးရဲ့ ထိမိတဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ဇာတ်ကားအစအဆုံး ဆွဲခေါ်သွားမဲ့ Mystery, Thriller ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဒါ့အပြင် I Am Sorry, I Love You နဲ့ နာမည်ကြီးခဲ့တဲ့
မင်းသမီး Lim Soo-Jung က ကိုယ်တိုင်ကိုယ်ကျ ဇာတ်ကားထုတ်လုပ်ရေးပိုင်းမှာ
ပါဝင်ထားပြီး ညီအစ်မနှစ်ယောက်ရဲ့ အမေအဖြစ်လည်း အားဖြည့်ထားပေးပါတယ်။
- ဇာတ်လမ်းအကျဉ်း -
သေကြောင်းကြံဖို့ ကြိုးစားတဲ့ အစ်မဖြစ်သူ ဆူရွန်း (Yuna) ကို တားဆီးဖို့ ကြိုးစားရင်း အိမ်ခေါင်မိုးပေါ်ကနေ ပြုတ်ကျပြီး ကိုမာဝင်သွားတဲ့ ဆူအန်း (Park So-Yi)...
၃ နှစ်ကြာပြီးနောက် သတိပြန်ရလာတဲ့အခါမှာတော့ သူနဲ့အတူ ပြုတ်ကျခဲ့တဲ့ အစ်မဖြစ်သူ ဆူရွန်းက ဒီလောကကြီးထဲမှာ မရှိတော့ကြောင်း သိလိုက်ရပြီး မိခင်ဖြစ်သူ ဂွန်းအို့ (Lim Soo-Jung) ကလည်း
အရင်ကနဲ့ မတူတော့ဘဲ တစ်ခုခုကို ဖုံးကွယ်ထားသလို အမြဲ စိုးရိမ်ပူပန်နေပုံပေါ်နေခဲ့ပါတယ်။
ကြည့်ရန်
https://t.me/leehanni2025/644